ဈေးကွက်ဈေးနှုန်း

ဆီထွက်သီးနှံနှင့်စားသုံးဆီကဏ္ဍဆိုင်ရာ မူဝါဒမူဘောင်တစ်ရပ် ပေါ်ထွက်လာစေရေး ကော်မတီအစည်းအဝေးကျင်းပခြင်း

Last Updated:

         ဆီထွက်သီးနှံနှင့်စားသုံးဆီကဏ္ဍဆိုင်ရာ မူဝါဒမူဘောင်တစ်ရပ် ပေါ်ထွက်လာစေရေး ကော်မတီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍဆိုင်ရာ မူဝါဒမူဘောင်တစ်ရပ်ပေါ်ထွက်လာစေရေး ကော်မတီဖွဲ့စည်းရခြင်း အကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသည့် ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ အဖွဲ့ဝင်များက မူဝါဒ (မူကြမ်း) အပေါ် သုံးသပ်ဆွေးနွေးတင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၃၀) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လည်(၁:၃၀) တွင် ရုပ်သိမ်း ခဲ့ပါသည်။

Myantrade(Domestic Trade)